Home » » ကြုံလာတဲ့ လောကဓံကို ရင်ဆိုင်နိုင်ဖို့

ကြုံလာတဲ့ လောကဓံကို ရင်ဆိုင်နိုင်ဖို့

Written By Unknown on Friday, 20 June 2014 | 09:05

လောကဓံကို ရင်ဆိုင်နိုင်ဖို့
******* 
တခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတဦး ရှိပါတယ်။
သူ့ဆီကို တနေ့မှာတော့ လောကဓံဒဏ်တွေကြောင့် စိတ်ပျက်အားလျော့စွာနဲ့ ဝမ်းနည်း

ပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တယောက် ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတဖန်ခွက် သွားယူခိုင်းပြီး ဆားတဆုပ်ကိုလဲ ယူလာခိုင်း

ပါတယ်။ ရေဖန်ခွက်ထဲကို ဆားတဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို
သောက်စေပါတယ်။ ပြီးတော့ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က
“ခါးတူးနေအောင် ငံပါတယ်”လို့ ပြန်ဖြေပါတယ်။

ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူငယ်ကို ဆားတဆုပ်ကို ယူလာခဲ့ပါလို့

ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့အပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်။ မြို့အပြင်
ဘက်ကို လမ်းလျှောက်လာကြရင်း အလွန်ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတကန် အနား ရောက်လာကြတယ်။

ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတဆုပ်ကို ရေကန်ထဲ
ပစ်ထည့်ခိုင်းလိုက်ပါတယ်။ ပြီးတော့ လူငယ်ကို “ ကဲ အခု ကန်ထဲက ရေကို သောက်

ကြည့်ပါဦး”လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူ ပြီး သောက်လိုက်ပါတယ်။
ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ

ရှိသလဲ” လို့ မေးလိုက်တယ်။

ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါပဲ” လို့

ပြန်ဖြေပါတယ်။

“စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့

ပြန်မေးပြန်တဲ့အခါ
“ မငံတော့ပါဘူး.”လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်။

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာ

ပုတ်လိုက်ကာ
“ငါတို့ ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့

တူပါတယ်။ ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ
မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ပဲ သက်ဆိုင်တယ်။
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကိုကြီးမားတယ်လို့ မင်းထင် လိမ့်မယ်။ ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီ ဆုံးရှုံးမှု၊

စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့ ။”
“ ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင် ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့

ခံယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ဖန်ခွက်တလုံး မဖြစ်စေပါနဲ့ ရေကန်တကန်အဖြစ်
ပြောင်းလဲ ကျင့်ကြံလိုက်ပါ။

ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတဆုပ်လို
လျှော့ပါး သက်သာသွားပါလိမ့်မယ်”လို့ ပြောလိုက်ပါတယ်။

“Stop being a glass. Become a lake.” တဲ့။

ငါတို့လဲ ဘ၀မှာလဲ ကြုံလာတဲ့ ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူပဲ
ရေကန်ကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားသင့်လှတယ် မဟုတ်ပါလား ? အဲဒါဆိုရင်...

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈