ဘဝအတွက် ကြိုးစားနေချိန်မှာ ဒါတွေ ရှောင်ပါ
********************
မပျင်းနဲ့********************
ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်း,စီမံကိန်း
ချတုန်းကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့
ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။
မတွေဝေနဲ့
လောကီလူသားပေးပဲ။ တခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။
ငါဘာလုပ်နေတာပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။
အဲ့ထက်ဆိုးတာက တခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်
သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တယောက်က မတွေဝေဘူး။
ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေသွားတတ်ပါတယ်။
ဒီတော့ တွေဝေရင် ဘဝခရီး နှောင့်နှေးပါတယ်။
မစိုးရိမ်နဲ့
ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကော လုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့
Resource တွေ ရှိကော ရှိရဲ့ လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား
အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ်ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်း
က Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။
အားမငယ်နဲ့
ငါ့ရဲ့ ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါ
တယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့်
ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့
မသိဘူး) ကိုယ်ထက် သူတို့က ဘဝရဲ့အဓိပ္ပါယ်ကို စောစောစီးစီး ရှာမှီးခွင့် ရသွားတယ်လို့ပဲ
သဘောထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်
လည်နေရတဲ့ အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းက လည်း အောင်မြင်ခြင်းတမျိုးပဲ။ ပြီးတော့မှ နောက်တဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်
နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက်
ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။
အချစ်ဆိပ် မတက်နဲ့
ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစား
နေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေး တလုံးနဲ့ နေရရင်
ပြီးပါပြီ ဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက်တွေကို အတိုက်စားခံလိုက်ကြတယ်။ Love ဆိုတာကြီးက
The Whole Life မဟုတ်ပါဘူး။ Just a part of life ပါလေ။
စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိတာက
ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီး
ဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။
စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ်တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်
လည်းဆက်၊ မအိပ်လည်းဆက်၊ တပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့..၂၄ နာရီ၊ ၈ နာရီက
အပြင်မှာ၊ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို
သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲသွားကြမှာ အမှန်ပါပဲ။
ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။
သို့ပေမယ့် Target တခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။
ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှုံးစေမယ့် အကြောင်းပြချက်
တခု ဖြစ်ပါတယ်။
အပျော် မမက်နဲ့
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။
ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ
လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများ
နေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့
Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှု
အတွက် တဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး
ဆီဆမ်း ပဲဆီနံ့လေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့
လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။
Limit လေးနဲ့တော့ ကဲကြပေါ့။ ဣနြေ္ဒရရလေး ပျော်နိုင်ပါတယ်။
ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း
ပန်းတိုင်ရောက်မှ ခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ
ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တခါတလေကျ ကြိုးစားနေရင်းနဲ့ အချို့ က
Quality of Life ကို မေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက်
ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။










0 comments :
Post a Comment