Home » » “အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့”

“အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့”

Written By Unknown on Friday, 20 June 2014 | 09:12

“အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့”
“အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့"
*********************    
သူသာ ရှိလျှင်
သူ၏ နိုင်ငံ၊ ကြမ္မာကံကို
စီမံလိမ့်မည်၊ ဖန်တီးမည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။


သူသာ ရှိလျှင်
သူ၏ ပြည်ဖွား၊ ဆင်းရဲသားတို့ 
ဝတ် စား နေမှု၊ ကျမ်းမာမှုနှင့်
သိမှု တက်မှု၊ ယဉ်ကျေးမှုကို
ဂရုစိုက်မည်၊ စောင့်ရှောက်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။

သူသာ ရှိလျှင်
သူ၏ဥာဏ်စွမ်း၊ ကိုယ့်အစွမ်းသည်
သူ့ ဝမ်း သူ့ ခါး၊ သူ့ မယားနှင့်
သူ့ သားတွက်ပေ၊ မဟုတ်လေပဲ
သူနေထိုင်သည့်၊ သူ့ တိုင်းပြည်တွက်
သူ့ ပြည်နေရာ၊ သူ့ ကမ္ဘာတွက်
မေတ္တာဓာတ်ခံ၊ အပင် သန်လျှက်
အားမာန် ထုတ်မည်၊ ဦးဆောင်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။

သူသာ ရှိလျှင်
သူ၏ ပြည်အား၊ ကျူးစော်ကားက
အသား အသွေး၊ သက် စတေးလျှက်
ပြည်ရေးဆောင်မည်၊ ကာကွယ်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။

သူသာ ရှိလျှင်
သူ၏ ပြည်တွင်း၊ တသွေးချင်းတို့ 
စစ်ခင်းသည့်ပွဲ၊ ပြီးပြတ်စဲဖို့ 
လက်တွဲ လက်ချိတ်၊ ညီနောင် စိတ်ဖြင့်
ပွဲတိတ်စေမည်၊ ဖြေရှင်းမည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။

အရုဏ်တက်တွင်၊ တိုက်ပွဲဝင်ခိုက်
သူလျှင်ကျဆုံး၊ တပြည်လုံးက
ယူကြုံးမရ၊ ဖြစ်ခဲ့ရလည်း
သူက ရှေ့ဆောင်၊ မီးတန်ဆောင်သည်
ထွန်းပြောင်နေဘိ၊ လင်းတုန်းရှိ၍
သူ၏ ကိုယ်စား၊ သူ့ စိတ်ထားက
ညွှန်ကြားလိမ့်မည်၊ ခေါင်းဆောင်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈