ကပိလ၀တ်ပြည် ဘုရင်ကြီးသုဒ္ဓေါဒန၏ မိဖုရားခေါင်ကြီး မာယာဒေ၀ီသည် ထူးဆန်းသောအိမ်မက်ကိုမြင်မက်သည်။ အိမ်မက်ထဲတွင် နတ်မင်းကြီးလေးပါးက မိဖုရားကြီး အိပ်နေသောခုတင်ကို တောင်တန်းတစ်ခုဆီသို့ သယ်ဆောင်သွားကြသည်။ နတ်မိဖုရားများက အမွှေနံ့သာများဖြင့် ရေချိုးပေးကြသည်။ ရွှေဗိမာန်တိုက်ခန်းတွင် မိဖုရားကြီးအိပ်စက်နေစဉ် ဆင်ဖြူတော်စီးက မိဖုရားကြီး၏ ၀မ်းဗိုက်ထဲသို့ ၀င်သွားခဲ့သည်။
နောက်တစ်နေ့တွင် ဘုရင်ကြီးက ထိုအိမ်မက်အကြောင်းကို နန်းတွင်းပညာရှိများအားမေးမြန်းသည်။ ထိုအိမ်မက်အရ ထူးခြားမြင့်မြက်သော သားရတနာ ဖွားမြင်မည်ဖြစ်ကြောင်း ပညာရှိများက ဘုရင်ကြီးအားလျှောက်တင်သည်။
မိဖုရားကြီးသည် ကိုယ်ဝင်ဆယ်လစေ့သောအခါ မိဘဆွေမျိုးများရှိရာ ဒေ၀ဒဟပြည်သို့သွားခဲ့၏ လမ်းခရီးတွင် အလွန်သာယာသော အင်ကြင်းဥယျာဉ်ကြီးထဲ ဆေရာက်လာသည်။ အင်ကြင်းပင်ကြီး တစ်ပင်အောက်တွင် ဘုရားလောင်းတော်ကို ဖွားမြင်ခဲ့ပါသည်။ ဖွားမြင်စမှာပင် ဘုရားအလောင်း မင်းသားလေးသည် ခြေလှမ်းခုနှစ်လှမ်း လှမ်းကြွတော်မူပြီး “လောကမှာ ငါသာအမြတ်ဆုံး ငါသာအကြီးဆုံး ငါသာ အသာဆုံး” ဟူရု ကြွေးကြော်ခဲ့ပါသည်။
ဘုရားလောင်း ဖွားတော်မူခန်း
သုဒ္ဓေါဒနဖခင်ပါ....။
မိခင် မယ်မာယာ..။
ထူးခြားစွာ ဆင်အိမ်မက်..။
မယ်မာယာမြင်မက်..။
အင်ကြင်းတောဘတ် မွေးဖွားမြင်.။
ဘုရားအလောင်း တို့အရှင်...။
ဖွားမြင်စဉ် နတ်အပေါင်း..။
ပူဇော် တသောင်းသောင်း...။

ကြည့်နှုန်း= 111
ဘလော့အမျိုးအစား(ဗုဒ္ဓ၀င်)

0 comments :
Post a Comment