Home » » စီးပွားရေး သတင်းများနှင့် ခန့်မှန်း ချက် များ

စီးပွားရေး သတင်းများနှင့် ခန့်မှန်း ချက် များ

Written By Unknown on Tuesday, 3 June 2014 | 11:10

ရွှေအကြောင်းသိကောင်းစရာ(65) (စဉ် 64 မှအဆက်) အဲလိုမျိုးကြော်ညာတာ ရောင်းကောင်းမှန်းသိတော့ နောက်ပိုင်းမှာ ဆိုင်တစ်ချို့ အဲဒီပုံစံနဲ့လိုက်ကြော်ညာလာ ကြတယ် ဒါပေမယ့် မထိရောက်တော့ပါဘူး ကြော်ညာရဲ့ သဘောကရိုးသွားရင် ထိရောက်မှုနည်းသွားတဲ့ သဘောရှိတယ် ဆိုင်ဖွင့်စက အရောင်းအဝယ်နဲ့ ပတ်သက် တဲ့စာအုပ် လုပ်ငန်းအောင်မြင်ရေးနဲ့ ပတ်သက်တဲ့ စာအုပ် တော်တော်ဖတ်ဖြစ်တယ် အဲဒီထဲက မောင်ပေါ်ထွန်းရဲ့ စံပြအရောင်းသမားဆိုတဲ့ စာအုပ်အကြိုက်ဆုံးပဲ အခုထိဆိုင်မှာထားပြီး အသစ်ဝင်တဲ့ ဝန်ထမ်းတိုင်းကို ဖတ် ခိုင်းနေတယ် အဲဒီခေတ်တုန်းက ဝယ်ယူသူတိုင်းကို ရွှေ ဒင်္ဂါးပြားလက်ဆောင်ပေးမည်လို့ TV မှာကြော်ညာတဲ့ ဆိုင်တစ်ဆိုင်ပေါ်ခဲ့ဖူးတယ် အဲဒီဆိုင်က ဆိုင်အသစ်မဖွင့်ခင် တစ်လလောက်TV မှာကြိုပြီးကြော်ညာထားတာ သူ့ကြော်ညာကြည့်ပြီး ကျွန်တော်တို့လဲ တော်တော်စဉ်းစားရ ကြပ်နေတယ် ဘယ်လိုပေးမှာလဲပေါ့ (စဉ် 66 သို့) ရွှေအကြောင်းသိကောင်းစရာ(66) (စဉ် 65 မှအဆက်) တစ်ချို့ရွှေဝယ်မယ့် လူတွေလဲ သူ့ဆိုင်ဖွင့်မယ့်ရက်ကို စောင့်နေကြတယ် အဲဒီဆိုင်ဖွင့်တဲ့ရက်မှာ ဝယ်သူတွေစုပြုံ ပြီးတိုးဝယ်ကြတာ တံခါးပါပိတ်ယူရတယ် ရွှေဆွဲပြားလက်ဆောင်မက်လုံး ကြော်ညာကဘယ်လောက်ထိ ရောက်သလဲဆိုတာ တကယ်လဲပေးပါတယ် ကျွန်တော်တို့တစ်ခါမှမမြင်ဖူး မကြားဖူးတဲ့ ဆွဲပြားလေးတွေ ရွှေခပ်ညံ့ညံ့နဲ့ တစ်ရွေးပဲရှိတယ် ဘာပဲဖြစ်ဖြစ် အဲဒီကြော်ညာပေါက်သွားတယ် အဲဒီဆိုင်ပေါက်သွားတယ် လို့ ပြောလို့ရတယ် တရုတ်တန်းကဆိုင်တော်တော်များများ တောင် ရွှေဆွဲပြားလက်ဆောင်ပေးသည်လို့ လိုက်ကြော်ညာရတဲ့ အထိဖြစ်ကုန်တယ် ဒါပေမယ့်ထုံးစံအတိုင်း ခဏပါပဲ နောက်တော့လဲရွှေချိန်တစ်ရွေးပဲရှိတဲ့ ဆွဲပြားမှန်း လူသိကုန်တာရယ် ဆိုင်တော်တော်များများက လိုက်ပေး လာကြတာရယ်ကြောင့် ရိုးသွားအီသွားပြီး ထိရောက်မှုမရှိတော့ဘဲ ပြန်ပျောက်ကွယ် သွားပါတယ်ဲ

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈