Home » » ကမ္ဘာ့ သမိုင်းတွင် အကြီးကျယ် အခမ်နားဆုံး ခံတပ် Fort Bourtange

ကမ္ဘာ့ သမိုင်းတွင် အကြီးကျယ် အခမ်နားဆုံး ခံတပ် Fort Bourtange

Written By Unknown on Monday, 23 June 2014 | 07:36

နယ်သာလန်နိုင်ငံ၊ မြောက်ဘက်အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိနေတဲ့ ခံတပ်တစ်ခု ဖြစ်ပါတယ်။

နယ်သာလန်ရဲ့  အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီလက်အောက်ရေက်ချိန် ယင်းခံတပ်ရဲ့  အထောက်အပံ့ကြောင့် ဂျာမန်လက်အောက်ရောက်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့လို့ ဖြစ်ပါတယ်။

၁၅၉၃ ခုနှစ်က ဘုရင်ခံ William the I of Orange မှ တည်ဆောက်ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့  သိမ်းပိုက်ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီတပ်များ ခြံရံနေပါတယ်။ ဒီတော့ ဒီတပ်နှစ်တပ်သာ ပေါင်းစုံမိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ်ဖွတ်ကျေအောင် ပျက်ဆီးရမှာမို့ အမျော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ်တည့်တည့်မှာ ယခုလို ဧရာမ ခံတပ် အကြီးကြီး တည်ဆောက်ပါတယ်။

ကြယ်ပုံသကဏ္ဍာန် အကွင်းပေါင်းများစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့ နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့်ခံပါတယ်။ အမြောက်တပ် ခေတ်စားတဲ့အချိန်ဆိုတော့ အမြောက်ဒဏ်ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက်ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့ တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။

ဂျမနီတပ်လည်း နယ်သာလှန်နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီးပေးမယ့် ယင်း ခံတပ် Bourtange တစ်ခုတည်း ကပ်ကျန်နေပါတယ်။ ယင်းတပ်မှာလည်း နယ်သာလှန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က ခံတပ် Bourtange ကို ရောက်ဖို့ထပ် သူ့ရွှံ့ နွံတွေမှာပဲ ဇာတ်သိမ်းသွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုပ်ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမားလှပါတယ်။

၁၅ ရာစုကတည်းက နယ်သာလှန် ဆောက်လုပ်ရေး အင်ဂျင်နေယာတွေ ဘယ်လို စွမ်းတယ်ဆိုတာကို ယနေ့တိုင် သက်သေပြနေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံသိမ်းနိုင်တယ်ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြသွားပါတယ်။

ယနေ့မှာတော့ ပြတိုက်တစ်ခုအနေနဲ့ တည်ရှိနေပါပြီ။ နယ်သာလှန်နိုင်ငံရဲ့  ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များအကြောင်းကို လေ့လာ လိုသူများအတွက် အကောင်းဆုံးနေရာများထဲမှာ Fort Bourtange ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈