မိုးလေ၀သ သတင်း
ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် (၅၁၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် (၅၂၀)ခန့်၊ ကျောက်ြဖူမြို့၏ အနောက်တောင်ဘက် (၅၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ (ဗီဇာကာပတ္တနမ်မြို့)၏ အရှေ့တောင်ဘက် မိုင်(၂၄၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ပ မြောက်ဘက်သို့ ဆက်လက်ရွေ့လျှားမည်ဟုခန့်မှန်ူရပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀) အထိ ရှိနိုင်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့် သို့  ရှိပြီး မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒသများဆီသို့ ဦးတည်ရွေ့လျားနေသည်ဟုခန့်မှန်းရသည်။ နောက်ဆုံးတိုင်းထွာ ရရှိသော ခန့်မှန်းချက်များအရ မေလ (၁၆) ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။
Home
»
အထွေထွေ သတင်း
»
မိုးလေ၀သ သတင်း









0 comments :
Post a Comment