Home » » ပလပ်မြေ၊ သို့မဟုတ် မြေလပ် သို့မဟုတ် လှပ်မြေဆိုသည်မှာ..

ပလပ်မြေ၊ သို့မဟုတ် မြေလပ် သို့မဟုတ် လှပ်မြေဆိုသည်မှာ..

Written By Unknown on Tuesday, 10 June 2014 | 10:34

လယ်ယာမြေ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်အရ စပါးသီးနှံစိုက်ပျိုးနိုင်သော လယ်မြေသာမက အခြောက်သီးနှံ (ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ) စိုက်ပျိုးနိုင်သော ယာမြေ များ၊ နှစ်ရှည်သီးပင်၊ သစ်သီးဝလံနှင့် ပန်းပင်
များ စိုက်ပျိုးနိုင်သော ဥယျာဉ်ခြံမြေများ၊ ဓနိမြေများ၊ ကိုင်း၊ ကျွန်းမြေများနှင့် မြေနု ကျွန်းမြေများ၊ တောင်ယာများလည်း အကြုံးဝင်သည်။ သို့အတွက် လယ်ယာမြေဟူသော စကားရပ်တွင် အကြုံးဝင်ပါရှိသော မြေအား
လုံးကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပလပ်ထားခြင်းမှာ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်းမည်ပေသည်။
ပလပ်မြေဆိုသည်မှာ
ပလပ်မြေအား မြေလပ်၊ သို့မဟုတ် လှပ်မြေဟုလည်း တစ်နည်းသုံးနှုန်းခေါ်ဆို ကြသည်။ မြေလပ်ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့်မြေ ဖြစ်၍ (၁) မြေအနားပေးထားသည့် မြေလပ်၊ သို့မဟုတ် လောလောဆယ်စိုက်ပျိုးနိုင် သော မြေလပ်နှင့် ပြုပြင်ပြီးမှ စိုက်ပျိုးနိုင် သော မြေလပ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ယခုမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးထောက် ပြသော မြေများမှာ လယ်ယာမြေဥပဒေ (အသစ်နှင့် အဟောင်း) မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ(ယခင်နှင့် ယခု)တွင် ညွှန်းဆိုပြထားသော မြေ လပ်များနှင့် လုံးဝကွဲပြားခြားနားပါသည်။ အဘယ်ကြောင့်ဆိုသော် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ ကုမ္ပဏီများ၊ သူဋ္ဌေးများသာမက  ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အစိုးရအဖွဲ့နှင့် နီးစပ်သူများ ၀ယ်ယူစုဆောင်းထားသော လယ်ယာမြေများမှာ သီးနှံစိုက်ပျိုးရန် ရည် ရွယ်ချက်မရှိဘဲ အခြားနည်းအသုံးပြုရန်၊ သို့မဟုတ် အမြတ်အစွန်းရရှိရန်အတွက် ၀ယ်ယူထားပြီး ပလပ်ထားသော မြေများ ဖြစ်နေကြောင်း စိစစ်တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။
ယခင်တုန်းက ထုတ်ပြန်ခဲ့ဖူးသည့် အမိန့် ကြေညာစာနှင့် လယ်ယာမြေဥပဒေ (သစ်)
လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏ ၁၉၉၀ ပြည့်နှစ်၊ ဇန်န၀ါရီလ၊ ၁၈ ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၁/၉၀) အရလည်း လယ်ယာမြေများကို မြေလပ်မထားပဲ အပြည့်အ၀စိုက်ပျိုးလုပ် ကိုင်ရေးအတွက် အသိပေးကြေညာခဲ့ပါ သည်။(မှတ်ချက်။ ။ ယင်းအမိန့်ကြေညာ စာကို လွှမ်းမိုး၊ ပယ်ဖျက်သည့် အမိန့်ကြေ ညာစာမရှိပါ။)
ယင်းအမိန့်ကြေညာစာအရ လယ် ယာမြေ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိထားသူသည် မိမိမြေကို အပြည့်အ၀စိုက်ပျိုးခြင်း မရှိဘဲ မြေလပ်ထားရှိပါက မိမိ၏ စီးပွား ရေးကိုသာမက နိုင်ငံတော်၏ မြေယာကုန် ထုတ်စွမ်းအားကိုပါ ထိခိုက်ကျဆင်းစေနိုင် သဖြင့် စိစစ်တွေ့ရှိပါက တည်ဆဲမြေယာ ဥပဒေညွှန်ကြားချက်များနှင့်အညီ မြေလပ်ဧရိယာကို လုပ်ကိုင်ခွင့်ရုပ်သိမ်းသည်အထိအရေးယူခြင်းခံရမည်ဟု ဆိုပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၂၊ ပုဒ်မခွဲ (ဈ)အရလည်း “လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ”ဟု စည်းကမ်းချက် သတ်မှတ်ထားပါသည်။ ဆိုလိုသည်မှာ အစဉ်အဆက် မြေယာဥပဒေပြောင်းလဲစေ ကာမူ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ အနေနှင့် နိုင်ငံတော်၏ မြေယာကုန်ထုတ် စွမ်းအားစု၊ အထူးသဖြင့် ဆန်စပါးစားနပ် ရိက္ခာ ဖူလုံမှုကို မထိခိုင်စေရေးအတွက် လယ်ယာမြေများကို မြေလပ်မထားဘဲ အပြည့်အ၀စိုက်ပျိုးလုပ်ကိုင်ကြရန် လိုအပ် ကြောင်း အတိအလင်းညွှန်ကြားချက်ထုတ် ပြန်ခြင်းဖြစ်ပါသည်။
စည်းကမ်းချက်ကို လိုက်နာခြင်းမရှိ၍ အရေးယူခြင်း
ယခင်ပါတီကောင်စီခေတ်၊ န.၀.တ၊ န.ယ.က ခေတ်များက နိုင်ငံတော်၏ အဓိကသီးနှံဆန်စပါးအပါအ၀င် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် ပျက်ကွက်ခဲ့သော တောင်သူလယ်သမားများ၏ လယ်ယာမြေ
များကို လုပ်ပိုင်ခွင့်ရုပ်သိမ်းခဲ့သည့် ဖြစ်ရပ်မှန်များ ရှိခဲ့သည်ကို အများအသိဖြစ်ပါ သည်။ ယခုလည်း လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ အရ အကြောင်းမဲ့ မြေလပ်မထားရဟူသော စည်းကမ်းချက်တစ်ခုကို လိုက်နာ
ရန် ပျက်ကွက်ခဲ့လျှင် ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)နှင့် (ဃ) ပါ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။ တဖန်လယ်ယာမြေ ဥပဒေပုဒ်မ-၂၀ အရလည်း ယင်းပုဒ်မအရ ချမှတ်သော အမိန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက လိုက်နာခြင်းမရှိလျှင် ယင်း အမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထား တရားစွဲနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် လယ်ယာမြေဥပဒေပုဒ်မ-၃၅ အရ အဆိုပါ ချမှတ်ထားသော အမိန့်၊ သို့မဟုတ် ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး
နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ဆိုပါသည်။
အထွေထွေ
စာရေးသူသည် မြန်မာတောင်သူ ကြီးများဂျာနယ်၌ “လယ်မြေ၀ယ်ခဲ့သူများ ဆန်စပါးဆက်လက်စိုက်ပျိုးကြဖို့ အထူး လိုအပ်ကြောင်း”ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ပါ သည်။ လယ်မြေများကို ၀ယ်ယူထားပြီး ဆန်စပါးစိုက်ပျိုးခြင်းမပြုပါက အထက်စာပိုဒ် ပါ လယ်ယာမြေဥပဒေပုဒ်မ ၁၉၊ ၂၀၊ ၃၅ များအရ ပြစ်ဒဏ်များ ချမှတ်ခံရမည်မလွဲ ပါ။ မန္တလေးတိုင်းဒေသကြီးသာမဟုတ်ဘဲ ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီးအား လုံးတို့တွင် အဆိုပါလယ်ယာမြေပုဒ်မ-၁၂ (ဈ)သည် အာဏာတည်၍ အကျိုးသက် ရောက်ပါသည်။ ဥပဒေဟူသည် တစ် ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း မဟုတ်ပါ။ စာရေးသူတို့၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်းဝယ် ယင်းကဲ့သို့ ခိုင်လုံ သောအကြောင်းပြချက်မရှိဘဲ လှပ်ထား သည့် မြေများစွာရှိပါသည်။ လယ်ယာမြေ ကို ၀ယ်ယူထားပြီး ပုဒ်မ ၂၉၊ ၃၀ အရ အခြား နည်းအသုံးပြုရန် ရည်ရွယ်သည်ဆိုပါက လည်း ၀ယ်ယူသူ၏ လက်ဝယ်တွင် လယ် ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မုချရှိရပါမည်။ ယင်းလက်မှတ်လက်ဝယ် ကိုင်ဆောင်ထားရှိ၍ အခြားနည်းအသုံးပြု ခွင့် လျှောက်ထားပါလျှင်လည်း အခြားနည်းအသုံးပြုလိုသည့် နည်းလမ်းအတွက် သင့် တော်လုံလောက်သည့် ဧရိယာအကျယ် အ၀န်းထက်ပို၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့မှ ခွင့်ပြုလိမ့်မည်မဟုတ်ပါ။
နိဂုံး
အချုပ်ဆိုရသော် လယ်မြေများအား ၀ယ်ယူစုဆောင်းထားသော ပုဂ္ဂလိကလုပ် ငန်းများ၊ ကုမ္ပဏီများ၊သူဋ္ဌေးများ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ အစိုးရအဖွဲ့နှင့် နီးစပ်သူ များ၊ တောင်သူလယ်သမားများအားလုံး တို့သည် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များ အတိအကျလိုက်နာဆောင်ရွက်ကြဖို့ လို အပ်ကြောင်းနှင့် ရှေးယခင်ကတည်းက သက်ဆိုင်ရာဝန်ကြီးဌာနမှ အသိပေးကြေ ညာခဲ့သော အမိန့်ညွှန်ကြားချက်များနှင့် အညီ နိုင်ငံတော်၏ မြေယာကုန်ထုတ်အင် အားစု၊ သို့မဟုတ် စားနပ်ရိက္ခာဖူလုံမှုကို မထိခိုက်စေရေးအတွက် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မြေအနားပေးထား
သည့်၊ သို့မဟုတ် ချက်ချင်းစိုက်ပျိုးနိုင်သည့် မြေလပ်၊ သို့မဟုတ် ပလပ်မြေများအား လယ်ယာမြေအမျိုးအစားအလိုက် သင့် လျော်သော စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ နှစ်ရှည်သီးပင်၊ သစ်သီးဝလံနှင့် ပန်းမံများကို အပြည့်အ၀စိုက်ပျိုးကြဖို့လိုကြောင်း ရေးသားလိုက်ပါသည်
။www.tachileiksky.blogspot.com/ gmail.tachileiksky@gmail.com

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈