Home » » တို့မိခင်ကျောင်း မမေ့ကောင်း

တို့မိခင်ကျောင်း မမေ့ကောင်း

Written By Unknown on Wednesday, 28 May 2014 | 09:46

ခေါင်းလောင်းသံလေး တလွင်လွင်
ကျောင်းတက်ကြဖို့ အသင့်ပြင်။
အလံတိုင်ရှေ့တွင် ညီညစု
အလံတော်ကို အလေးပြု။
လေးစားမှုနဲ့ သီဆိုပါ
နိုင်ငံတော်သီချင်း ညီညီညာ။
ပညာသင်တဲ့ ဆရာ ဆရာမ
ချစ်ခင်မြတ်နိုး ရိုသေကြ။
ဂါရဝတရား ထားရှိကာ
မိမိကိုယ်ကိုယ် နှိမ့်ချပါ။
ပညာသင်ရာ အသိတိုး
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး။
အမျိုးမျိုးသော တတ်ပညာ
သင်အံလေ့ကျင့် မှတ်ကြရာ။
ဘဝတွက်တာ ကောင်းအကျိုး
ပစ္စုပ်နာဂတ် ဆတက်တိုး။
တိုင်းကျိုးပြည်ကျိုး ရွက်ဆောင်ကာ
မိမိတာဝန် ကျေစေရာ။
တစ်ရပ်တစ်ရွာ ဘယ်သို့ပြောင်း
မိခင်တို့ကျောင်း မမေ့ကောင်း။
ပညာတန်ဆောင် မဂ္ဂဇင်း

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈