Home » » ၀န်ကြီးချုပ်ဟောင်း ယင်းလပ်အပါဝင် နိုင်ငံရေးသမား ၃၉-ဦးကို ထိုင်းစစ်တပ် ထိန်းသိမ်း

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်အပါဝင် နိုင်ငံရေးသမား ၃၉-ဦးကို ထိုင်းစစ်တပ် ထိန်းသိမ်း

Written By Unknown on Saturday, 24 May 2014 | 09:24

  မေလ ၂၂-ရက် ကြာသာပတေးနေ့တွင် အာဏာသိမ်းခဲ့သည့် ထိုင်းစစ်တပ်က ၀န်ကြီးချုပ်ဟောင်း ယင်းလပ်အပါအ၀င် ထင်ရှားသော နိုင်ငံရေးသမား ၃၉ ဦးကို ယမန်နေ့က ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။
ထိုသူများထဲတွင် ယာယီဝန်ကြီးချုပ် Niwattumrong Boonsongpaisan လည်းပါဝင်ပြီး ၎င်းတို့အား တစ်နေရာစီခွဲထားကာ ကောင်းမွန်စွာနေရာထိုင်ခင်းပေးထားကြောင်း၊ ခေတ္တခဏ အပန်းဖြေစေကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဗီရာချွန်က ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ပြောကြားခဲ့ခြင်းမရှိချေ။
ထိန်းသိမ်းခံရသူများတွင် ယင်းလပ်၏ ညီမနှင့် မတ်ဖြစ်သူလည်း ပါဝင်သည်ဟု အခြားသော အကြီးတန်းစစ်ခေါင်းဆောင်တစ်ဦးက Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။ အာဏာအလွဲသုံးစားလုပ်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက မေလ ၇ ရက်နေ့တွင် ယင်းလပ်အား ၀န်ကြီးချုပ်ရာထူးမှဖယ်ရှားခဲ့သည်။
နိုင်ငံလုံခြုံရေးအတွက် မေလ ၁၉ ရက်နေ့က စစ်တပ်မှ မာရှယ်လော ထုတ်ပြန်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အာဏာသိမ်းခဲ့ပြီး လက်ရှိအချိန်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။

0 comments :

Post a Comment

တာချီလိတ် ကဏ္ဍစုံ

≈♣♦တရားတော်မျာ≈♣♦

≈♣♦နည်း ပညာ ဥယျာဉ်♣♦≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈

≈♣♦ ကြော်ငြာ ကဏ္ဍစုံ ♦♣≈

≈♣♦တာချီလိတ် ကဏ္ဍစုံ♦♣≈